သန်းခေါင်စာရင်းကောက်ယူခြင်း ၂၀၂၅

ဂျပန်နိုင်ငံအစိုးရသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့တွင် သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ပါသည်။
သန်းခေါင်စာရင်းသည် ၅ နှစ်လျှင်တစ်ကြိမ်ကောက်ယူသော အရေးကြီးသည့် စာရင်းအင်းစစ်တမ်းဖြစ်ပါသည်။

သန်းခေါင်စာရင်း၏ ရလဒ်များကို နိုင်ငံခြားသားများ နေထိုင်ရလွယ်ကူသော မြို့များ ဖန်တီးပေးခြင်းအစရှိသည့် စီမံချက်များကို အကောင်အထည်ဖော်ရာတွင် အသုံးပြုလျက်ရှိပါသည်။

သန်းခေါင်စာရင်းကောက်ယူမှုနှင့်အကျုံးဝင်သည့်သူများမှာ မည်သည့်နိုင်ငံသားမဆို ဂျပန်နိုင်ငံ၌ ၃လနှင့်အထက် နေထိုင်လျက်ရှိသောသူ၊ သို့မဟုတ် ၃လနှင့်အထက် နေထိုင်ရန် အစီအစဉ်ရှိသူတို့ ဖြစ်ပါသည်။ စစ်တမ်းနှင့်အကျုံးဝင်သူများသည် ဖြေဆိုရန်တာဝန်ရှိသည့်အတွက် မပျက်မကွက် ဖြေဆိုပါ။
ဖြေဆိုလိုက်သောအကြောင်းအရာများကို စာရင်းအင်းပြုစုရာ၌သာ အသုံးပြုသွားမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ရဲဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများစသည့် အခြားသောရည်ရွယ်ချက်များအတွက် အသုံးပြုမည်မဟုတ်ပါ။

ထို့အပြင် အောက်ပါအချက်တို့ထဲမှ တစ်ချက်ချက်နှင့် ကိုက်ညီနေပါက၊ သန်းခေါင်စာရင်းဆိုင်ရာ ဆက်သွယ်ရန်စင်တာသို့  အကြောင်းကြားပါ။

သန်းခေါင်စာရင်းစစ်တမ်း ဖြေဆိုနည်း

အွန်လိုင်းမှ ဖြေဆိုခြင်း

စက်တင်ဘာလ ၂၀ရက် (စနေနေ့ ) မှ အောက်တိုဘာလ ၈ရက် (ဗုဒ္ဓဟူးနေ့ ) အထိ

ဤစစ်တမ်းကို အွန်လိုင်းမှ ဖြေဆိုပါရန် မေတ္တာရပ်ခံအပ်ပါသည်။ မိမိနေအိမ်သို့ စစ်တမ်းနှင့်ပတ်သက်သည့်စာရွက်စာတမ်းများရောက်ရှိလာပါက ဖြေဆိုရမည့်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး စခရင်ပေါ်မှ လမ်းညွှန်ချက်များအတိုင်းလိုက်နာကာ ဖြေဆိုပါ။
ဖြေဆိုသည့်အခါ ပေးပို့ထားသော “စစ်တမ်းဆိုင်ရာ စာရွက်စာတမ်းအိတ်”ထဲ၌ပါရှိသည့် “အွန်လိုင်းမှ ဖြေဆိုရန် တောင်းခံလွှာ” ၏ ညာဘက်အောက်၌ ပုံနှိပ်ထားသော “လော့ခ်အင်ဝင်ရန် QR ကုဒ်” ကို စကင်န်ဖတ်ပါ။

  • စစ်တမ်းဆိုင်ရာစာရွက်စာတမ်းအိတ်
  • အွန်လိုင်းမှ ဖြေဆိုရန် တောင်းခံလွှာ

လော့ခ်အင်ဝင်ရန် QR ကုဒ်

“လော့ခ်အင်ဝင်ရန် QR ကုဒ်”မှတစ်ဆင့် သန်းခေါင်စာရင်းအွန်လိုင်းသို့ ဝင်ပြီး၊ ညာဘက်အပေါ်၌ရှိသော “Language”တွင် ဖြေဆိုရာတွင်သုံးမည့် ဘာသာစကားကို ရွေးချယ်ပါ။ အွန်လိုင်းမှဖြေဆိုရာတွင် အောက်ပါဘာသာစကားများဖြင့် ဖြေဆိုနိုင်ပါသည်။
ဂျပန်ဘာသာအင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ (လက်ရေးတိုလက်ရေးရှည်)၊ ကိုးရီးယားဘာသာဗီယက်နမ်ဘာသာပေါ်တူဂီဘာသာစပိန်ဘာသာ

ကွန်ပျူတာစသည်တို့ဖြင့် QR ကုဒ် ဖတ်၍မရပါက အောက်ပါ “စတင်ဖြေဆိုမည်” ကို ကလစ်နှိပ်ပါ။ လော့ခ်အင်ဝင်ရာ၌ “အွန်လိုင်းမှ ဖြေဆိုရန် တောင်းခံလွှာ”တွင် ပါသည့် “လော့ခ်အင် ID” နှင့် “Acces key”တို့ လိုအပ်ပါသည်။

စတင်ဖြေဆိုခြင်း (အင်္ဂလိပ်)
  • ဖြေဆိုပေးလိုက်သောသတင်းအချက်အလက်များကို တင်းကျပ်သော လုံခြုံရေးအစီအမံများဖြင့် ကာကွယ်ပေးထားသည့်အတွက် စိတ်ချ၊ လုံခြုံမှုရှိပါသည်။
  • ဖြေဆိုပြီးနောက် အောက်တိုဘာလ ၁ရက် (ဗုဒ္ဓဟူးနေ့) မတိုင်မီအတောအတွင်း မိသားစုဝင် ထပ်မံမွေးဖွားခြင်း၊ လိပ်စာပြောင်းခြင်းကဲ့သို့သော ဖြေဆိုခဲ့သည့် အကြောင်းအရာ၌ ပြောင်းလဲမှုရှိပါက တဖန်လော့ခ်အင်ပြန်လည်ဝင်ရောက်ပြီး ပြင်ဆင်ပါ။ လော့ခ်အင်ထပ်မံဝင်ရာ၌ “လော့ခ်အင် ID” နှင့် သင်ထားခဲ့သော “လျှို့ဝှက်နံပါတ်”တို့ လိုအပ်ပါသည်။
  • အွန်လိုင်းမှဖြေဆိုခဲ့သည့် အိမ်ထောင်စုများသည်၊ စစ်တမ်းလွှာစာရွက်ကို ဖြည့်ပြီးပေးပို့ရန် မလိုအပ်ပါ။ စစ်တမ်းလွှာစာရွက်၌ မည်သည့် အကြောင်းအရာကိုမျှ ရေးသားဖြည့်စွက်ခြင်းမပြုဘဲ၊ အခြားနေရာတွင်တလွဲအသုံးချမခံရစေရန် စွန့်ပစ်ပါ။

စစ်တမ်းလွှာ(စာရွက်)ဖြင့် ဖြေဆိုခြင်း

အောက်တိုဘာလ 1 ရက်နေ့ (တနင်္ဂနွေ) မှ အောက်တိုဘာလ 8 ရက် (ဗုဒ္ဓဟူး) အထိ

အွန်လိုင်းမှ မဖြေနိုင်သည့်သူများသည် စစ်တမ်းလွှာစာရွက်ဖြင့် ဖြေဆိုရပါမည်။
စစ်တမ်းလွှာစာရွက်ကိုသုံးပြီး ဖြေဆိုမည့်အခါ “ဘာသာပြန်ထားသည့် စစ်တမ်းလွှာ“ နှင့် “ဘာသာပြန်ထားသည့် စစ်တမ်းလွှာ ဖြည့်စွက်နည်း” တို့ကို ကိုးကား၍ ဖြန့်ဝေထားသော “စစ်တမ်းဆိုင်ရာ စာရွက်စာတမ်းအိတ်”ထဲရှိ စစ်တမ်းလွှာ၌ ဖြည့်စွက်ပါ။
ဖြည့်စွက်ပြီးသော စစ်တမ်းလွှာကို သုံးခေါက်ချိုးပြီး “စာတိုက်မှပေးပို့ရန်စာအိတ်”ထဲသို့ထည့်ကာ၊ တံဆိပ်ခေါင်းမကပ်ဘဲ အောက်တိုဘာလ ၈ရက်(ဗုဒ္ဓဟူးနေ့) နောက်ဆုံးထားပြီး အနီးဆုံးစာတိုက်ပုံးမှ တစ်ဆင့်ပေးပို့ပါ။

  • စာတိုက်မှ ပို့ရန်ခက်ခဲပါက စစ်တမ်းလွှာကို ပြန်လည်သိမ်းယူရန်အတွက်၊ စစ်တမ်းကောက်သူက လာရောက်မည်ဖြစ်သည့်အတွက် အောက်ပါ သန်းခေါင်စာရင်းဆိုင်ရာ ဆက်သွယ်ရန်စင်တာသို့ အကြောင်းကြားပေးပါ။
  • စစ်တမ်းလွှာစာရွက်တွင် ၁ရွက်လျှင် ၄ဦးအထိ ရေးဖြည့်နိုင်ပါသည်။ ၅ဦးနှင့်အထက် ဖြည့်မည်ဆိုပါက စစ်တမ်းလွှာ အပိုပေးဝေမည် ဖြစ်သည့်အတွက် အောက်ပါ သန်းခေါင်စာရင်းဆိုင်ရာ ဆက်သွယ်ရန်စင်တာသို့ ဆက်သွယ်ပါ။
စစ်တမ်းလွှာ စာတိုက်မှပေးပို့ရန်စာအိတ်

အောက်တိုဘာလ ၈ရက်(ဗုဒ္ဓဟူးနေ့) နောက်ဆုံးထားပြီး ဖြေဆိုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အောက်တိုဘာလ ၈ရက်(ဗုဒ္ဓဟူးနေ့ ) နောက်ဆုံးထားပြီး ဖြေဆိုထားကြောင်း အတည်မပြုနိုင်ပါက စစ်တမ်းကောက်သူသည် ဖြေဆိုရန်အတွက် လာရောက်ဆော်သြပါမည်။

သန်းခေါင်စာရင်း ဖြည့်ခြင်းနှင့်ပတ်သက်၍ နားမလည်သည့်အကြောင်းအရာများရှိပါက၊ သန်းခေါင်စာရင်းဆိုင်ရာ ဆက်သွယ်ရန်စင်တာသို့ ဆက်သွယ်ပါ။

သန်းခေါင်စာရင်းဆိုင်ရာ ဆက်သွယ်ရန်စင်တာ

လမ်းညွှန်ဖုန်းနံပါတ် :

0570-02-5901

IP ဖုန်းများနှင့် ကြိုတင်ငွေဖြည့်မိုဘိုင်းဖုန်းများဖြစ်ပါက :

03-6628-2258

ဆက်သွယ်နိုင်ရန် ဖုန်းတပ်ဆင်ထားမည့်အချိန်ကာလ။ ။ နိုဝင်ဘာလ ၇ရက်(သောကြာနေ့ ) အထိ
ဖုန်းလက်ခံချိန် ။ ။ နံနက် ၉နာရီ မှ ည ၉နာရီအထိ

“QR Code” သည် DENSO WAVE Inc ၏ မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်ဖြစ်ပါသည်။

公式SNS

X:別ウインドウで開きます。
これまでの国勢調査の結果はe-Statでご覧になれます!:別ウィンドウで開きます。これまでの国勢調査の結果はe-Statでご覧になれます!:別ウィンドウで開きます。